How We Work
- ကနောင် သည် “ဒြပ်မဲ့အဖွဲ့” ဖြစ်သည့် အားလျော်စွာ မည်သည့်ရုံးခန်း နေရာထိုင်ခင်းမှ ရှိမည်မဟုတ်။ ကနောင်ရှိ အဖွဲ့ဝင်အားလုံးတို့သည် မိမိနေထိုင်ရာ အိမ်မှပင် အားလုံး အလုပ်လုပ်ကြမည် ဖြစ်သည်။
- ကနောင်သည် မည်သည့် အလုပ်ကိစ္စအတွက်မဆို အဖွဲ့ဝင်အချင်းချင်း အင်တာနက်မှတဆင့်သာ အီးမေးလ်ဖြင့် သော်လည်းကောင်း၊ IM(Instant Messenger) များဖြင့်သော်လည်းကောင်း ဆက်သွယ်ပြောဆို ဆောင်ရွက်ပါသည်။
- ကနောင်ရှိ အဖွဲ့ဝင်များ၏ လုပ်ဆောင်ချက်များ အနေဖြင့် မည်သည့်အချိန်တွင် ပြီးသည် အစား ၊ မည်သည့် အရာပြီးမြောက်သည် ဆိုသည်ဖြင့်သာ သတ်မှတ်ပါသည်။ အဘယ်ကြောင့် ဆိုသော် အရှေ့၊ အနောက် ကမ္ဘာအနှံ့အပြား နေထိုင်ကြသည့် အဖွဲ့ဝင်များ အနေဖြင့် အချိန်သတ်မှတ်ချက်ဖြင့် အလုပ်ပြီးမြောက် ခြင်းအား တိုင်းတာ သတ်မှတ်ရန်ခက်ခဲခြင်း ကြောင့်ဖြစ်သည်။
- “ကနောင်” ရှိအဖွဲ့ဝင် အချင်းချင်း အချိန်ပြည့်ဆက်သွယ်မှု ရရှိစေရန် စနစ်တစ်ခု အားလည်း အသင့်တည်ဆောက်ထားပြီး ဖြစ်သည်။
- မည်သည့် အလုပ်ကိစ္စ(Projects) အတွက်မဆို “ကနောင်” ရှိ အပိုင်းလိုက် အသီးသီး တာဝန်ယူထားသူများ ၏ စုပေါင်းဆုံးဖြတ်ချက်ဖြင့် အကောင်းဆုံး ဖြစ်အောင် စုပေါင်း ဆောင်ရွက်ကြပါသည်။